ချစ်သူတို့ ချစ်သက်တမ်း ပိုရှည်ကြာအောင် ဖတ်ရှု့သင့်သည့် အချက်အလက်များ 1:28 PM

၁) နာမည်ခေါ်ဝေါ်သုံးစွဲတာ မလုပ်ပါနဲ့။
၂) ချစ်သူရဲ့ခန္ဓာကိုယ်အလေးချိန်နဲ့အခြားအစိတ်အပိုင်းများကိုမလှောင်ပါနဲ့။
၃) ချစ်သူအား အခြားသူနဲ့ ပုတ်ခတ်ပြောဆိုခြင်း လုံးဝမလုပ်ပါနှင့်။
၎) အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနဲ့။
၅) စကားပြောနေစဉ် အခြားသူတစ်ဦးနာမည်ကို မကြာခဏ မပြောမိပါစေနှင့်။
၆) စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်။
၇) ဘာမဟုတ်သည့်ကိစ္စကို မငြင်းပါနှင့်။
၈) ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ။
၉) ဖြစ်ပျက်သမျှကို သူငယ်ချင်းများကို မပြောပါနှင့်။
၁၀) သူကြိုက်သည့်အရာများကို မမုန်းပါနှင့်။
၁၁) အချို့ကိစ္စများကို မသိချင်ယောင်ဆောင်နေပါ။
၁၂) ဒေါသနဲ့ စကားမပြောပါနဲ့။
၁၃) စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ။
၁၄) သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်။
၁၅) ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်။
၁၆) ဘာအကြောင်းနဲ့မှမအော်ပါနှင့်။
၁၇) သူဟာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ။
၁၈) ချစ်သူက ချောလား၊ လှလား မေးတိုင်း ပြုံးသာပြလိုက်ပါ။
၁၉) အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာငွေရှင်းလိုက်ပါ။
၂၀) သူ၏ ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာ လိုက်မကြည့်ပါနှင့်။
၂၁) အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပြပါ။
၂၂) ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့နှင့် ရည်းစားစဖြစ်သည့် နေ့ကိုမှတ်ထားပါ။
၂၃) တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ။
၂၄) ဖြစ်ပျက်သမျှအားလုံးကို သင်က ဦးအောင်တောင်းပန်လိုက်ပါ။
၂၅) အခွင့်အရေးရတိုင်းမယူပါနှင့်။



Ref: HELLO Magazine

သဘောထား. . . 5:55 PM

သူငယ်ချင်းတို့ရေ...

တစ်ခါကပေါ့...။
ပြင်သစ်နိုင်ငံရဲ့ အကျဉ်းထောင်ထဲရှိ သေဒဏ်ပေးရာ ဌာနမှာ....
အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားကို သေဒဏ်ပေးဖို့ အလုပ်ရှုပ်နေကြတယ်..။
အကျဉ်းသားနာမည်က “ ပိတိ ” (Pitti)ဆိုသူ.....။
လူပေါင်း (၁၁) ယောက်ကို စိတ္တဇ ဆန်ဆန် ပက်လက်လှန် ၊ ခြေလက် တုပ်နှောင်ပြီး၊
ပါးစပ်ကို အ၀တ်ဆို့ လည်ပင်းကို သွေးစိမ်းရှင်ရှင် ထွက်အောင် လှီးပြီး သတ်ခဲ့တဲ့ သူ....။
အဲ..ကံဆိုးချင်တော့ (၁၁) ယောက်မြောက်မှာ....
သူ....လည်ပင်းကို လှီးပြီး သွေးတွေထွက်နေတာ ထိုင်ကြည့်နေတုန်း..၊ သူ့ဆီကို ဖုန်းလာတယ်..။
သူ ဖုန်းသွားကိုင်နေစဉ်...နှစ်ကြာလာပြီဖြစ်တဲ့ လက်ကိုချည်ထားတဲ့ လက်ပတ်က ရုန်းရင်ပြတ်သွား
တယ်..။ သူ..... ထွက်ပြေးတဲ့ ကောင်မလေးနောက်ကိုလိုက်ပေမဲ့ လမ်းမပေါ်အရောက် လူတွေ ၀ိုင်းအုံလာတာနဲ့ သူမတတ်နိုင်တော့...။
ဒီလိုနဲ့ပဲ ...သူအဖမ်းခံရတယ်..။
ထွက်ပြေးတဲ့ ကောင်မလေးကတော့ ဆေးရုံရောက်တော့ သွေးထွက်လွန်ပြီး သေသွားတယ်..။
ဒါနဲ့ သူ့ကို တရားရုံးတင်တော့ သူ ပြုံးပြုံးပါပဲ..။
ဘာမှ အပြစ်မရှိတဲ့ သူတွေကို လည်ပင်းကိုလှီးပြီး သွေးတွေကျနေတာကို ထိုင်ကြည့်ချင်တာ တစ်ခုတည်းနဲ့ လူပေါင်း (၁၁) ယောက်ကို သူ သတ်ခဲ့တယ်လို့ ၀န်ခံလိုက်တယ်..။
အလောင်းတွေကတော့ သူ့အိမ်က သံမံသလင်းအောက်မှာ ရှိတယ်လို့ပြောလိုက်တယ်..။
ဒါနဲ့ သူ သေဒဏ်ကျခံရတယ်..။
ပြင်သစ် ဥပဒေအရ “ ဒဏ်ပြန်သေဒဏ်” တဲ့..။
ဒါကြောင့် တရာရုံးက သူ့ကို သူ... လူ (၁၁) ယောက်ကို သတ်သလို....
“ လည်ပင်းကိုလှီး၍ သွေးထွက်လွန်ပြီး သေစေ ”..တဲ့..။
ဒါကတော့ “ ပိတိ ” ကို တရားသူကြီးက အမိန့်ချမှတ်တာ ...။
ခု....သူ့ကို သေဒဏ်ချမှတ်ပေးဖို့ စီစဉ်နေတယ်..။
ဒါကတော့ “ ပိတိ ” သိသမျှ....။
တကယ်တော့......
ပြင်သစ်နိုင်ငံ ၇ဲ့ စိတ်ပညာရှင်တွေဟာ သူတို့ စိတ်ပညာအရ “ Attitude ”ကိုလေ့လာနေကြတယ်..။

သူတို့က လုတွေမှာ အရေးအကြီးဆုံးက “ Attitude” ဆိုတဲ့ “သဘောထား” ပြဿနာလို့ ယူဆကြတယ်..။

သဘောထားပြဿနာကိုဖြေရှင်းနိုင်ရင် အရာရာ အောင်မြင်ပါတယ်..။
သူတို့ သီအိုရီ ပိုင်းအရ အကြိမ်ကြိမ်စမ်းသပ်တယ်..။
လက်တွေပိုင်းအရ အသေးစိတ်စမ်းသပ်တယ်...။
ခုတော့ လူ့အသက်နဲ့ သူတို့ စမ်းသပ်ဖို့ စီစဉ်နေတာပါ..။
လူ့အသက်နဲ့ စမ်းသပ်မှုအရ သူတို့ဒီလူကို အခွင့်အရေးပေးထားပါတယ်.။
သူတို့ စမ်းသပ်မှု အောင်မြင်သည်ဖြစ်စေ..၊ ရှုံးနိမ့်သည်ဖြစ်စေ စမ်းသပ်ခံ လူကို သေဒဏ်မှ ကင်းလွတ်ပြီး ထောင်ဒဏ် တသက်တကျွန်းသို့ ပြောင်းရွေ့ပေးမည်ဟု သူတို့ အားလုံးသဘောတူ ပြီးသားပါ..။
ဒါပေမဲ့ ..သူတို့ စမ်းသပ်သော အစီအစဉ်ကို “ ပိတိ ”ကတော့ မသိပေ..။
ယခု သူတို့ “ပိတိ” မြင်အောင် ပြင်ဆင်နေသည်..။
လည်ပင်းကိုလှီးပြီး အသတ်ခံရမည်ဟု သိထားသော “ပိတိ”ရှေ့တွင် လည်ပင်းကိုလှီးရန် ဓားအမျိုးမျိုး ၊
အောက်မှ သွေးခံရန် စတီးဇလုံ ၊ “ပိတိ” လည်ပင်းကို လှီးမည့်ဆရာဝန် ၃ ယောက် ၊ အချိန်ကျတော့
“ ပိတိ ” ရှေ့မှာခရစ်ယာန်ဘုန်းကြီးက သမ္မာကျမ်းစာ လာရွတ်တယ်...။
နောက်တော့ “ ပိတိ ”ကို ပက်လက်လှန်လိုက်တယ်..။
ခေါင်းကို အ၀တ်မည်းကြီးကြီးစွပ်လိုက်တယ်..။
လက်တွေ ၊ ခြေတွေ ၊ဦးခေါင်းကို တုပ်နှောင်လိုက်တယ်..။
နောက်အချိန်ကျပြီ ဆိုတဲ့ ပြောသံ “ပိတိ”ကြားအပြီးမှာ သူ့လည်ပင်းကို ဆရာဝန်တွေက
နာတယ်ဆိုရုံလေး အပေါ်ယံ အရည်ပြားလောက်ကို ၀ိုက်လှီးလိုက်တယ်..။
သွေးက စို့တယ်ဆိုရုံလေးထွက်တာပါ..။
ဒါပေမဲ့ “ ပိတိ ” က မမြင်ရဘူးလေ..။
“ ပိတိ ” ရဲ့လည်ပင်းဘေးနားမှာ ဆရာဝန်တွေက အသင့်ပြင်ထားပြီး ပလာစတာနဲ့ ကပ်ထားတဲ့
ပိုက်ပျော့လေးနှစ်ခုကနေ တစ်ဖက်တစ်ချက်က ရေတွေ “ပိတိ” လည်ပင်းပေါ်ကို ဖွင့်ပြီး တသွင်သွင် စီးဆင်း
စေလိုက်တယ်..။
“ပိတိ” အထင်ကတော့ သူ့လည်ပင်းက သွေးတွေ တသွင်သွင်စီးနေပြီလို့ထင်နေတာပေါ့..။

ဒါနဲ့........
၁၅ မိနစ် .................ဒီအတိုင်းပါပဲ...။
၄၅ မိနစ်ကြာလာတော့......“ပိတိ” ခန္တာကိုယ် တဆက်ဆက်တုန်နေတယ်..။
(သူ လည်ပင်းလှီးခဲ့တဲ့ လူတွေဖြစ်တဲ့ အတိုင်းပေါ့..။)
၁ နာရီကျော်လာတော့ ......“ပိတိ” ခန္တာကိုယ်က ဆက်ခနဲ့ ဆက်ခနဲ့ ဖြစ်ဖြစ်သွားတယ်..။
ဒီလိုနဲ့.....
၂ နာရီလောက်မှာတော့ “ပိတိ” ခန္တာကိုယ်က မလှုပ်ရှားတော့ပဲ ငြိမ်သက်သွားခဲ့တယ်..။
ဒီအချိန်အထိ “ပိတိ” လည်ပင်းက သွေးတစ်စက်တောင်မှ အောက်မှခံထားတဲ့ စတီးဇလုံထဲသို့ မကျပါ..။
စို့နေတဲ့ သွေးတွေတောင်မှ ခြောက်နေပါပြီ..။
ဒါပေမဲ့ ဆရာဝန်တွေ စမ်းသပ်ကြည့်တော့ “ပိတိ” အသက်မရှိတော့ပါ..။
“ပိတိ”ကတော့ သူ သတ်ခဲ့သော လူတွေ သေသလိုမျိုး သူ့အသတ်ခံရပြီလို့ တထစ်ချ ယုံကြည်မှုကြောင့်
ခန္တာကိုယ်က ဘာသွေးမှ မထွက်ပဲ သွေးထွက်လွန်တယ်ဆိုတဲ့ စိတ်ကြောင့် သေဆုံးခဲ့ရပါတယ်..။
“ပိတိ” သေဒဏ်မှ ကင်းလွတ်ခွင့်ကိုတောင်မှ မခံစားခဲ့ရပါဘူး..။

ဒီ အဖြစ်အပျက်မှာ စိတ်ပါရဂူတွေက လူမှာ “သဘောထား”(Attitude) က အရေးအကြီးဆုံးလို့
အားလုံးက မှတ်ချက်ချခဲ့ကြပါတယ်...


စိတ်သည်....အရာရာကို ဆောင်ကျဉ်းနိုင်၏

သူငယ်ချင်းတစ်ယောက် ပို့လိုက်တဲ့ Forward Mail ကို သဘောကျလို့ ပြန်လည်မျှဝေလိုက်တယ်နော်..

"Daily Life" 11:20 AM




DAILY LIFE:

၁) ရေများများသောက်ပါ။
၂) မနက်စာကိုဘုရင်လိုစား၊ နေ့လည်စာကိုမင်းသားလေးလိုစား၊
ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံးနားလည်ကြမှာပါနော်)
၃) သစ်ပင်ပေါ်ကရတဲ့ဟင်းသီးဟင်းရ္ဂက်တ္ဂေကိုများများစားပေးပါ ။
၎) ဘ၀မှာ E-3 နဲ့ရှင်သန်နေထိုင်ပါ။ Energy ,Enthusiasm နဲ့ Empathy တို့ဖြစ်ပါတယ်။
၅) တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်းပြုလုပ်ပေးသင့်ပါတယ်။
၆) ကစားခုန်စားလည်းများများပြုလုပ်ပေးသင့်ပါတယ်။
၇) သင် ၂၀၀၈ ခုနှစ်မှာဖတ်ခဲ့တဲ့ စာအုပ်အရေအတ္ဂက်ထက်ဒီနှစ်မှာများများပိုဖတ်ပါ။
၈) တစ်ရက်မှာ (၁၀) မိနစ်လောက်ဆိတ်ဆိတ်နေကြည့်ဖို့လည်းကြိုးစားကြည့်သင့်ပါတယ်။
၉) တစ်ရက်မှာ (၇) နာရီလောက်တော့အမြဲအိပ်သင့်ပါတယ်။
၁၀) တစ်ရက်မှာ၁၀မိနစ်ကနေ နာရီဝက်လောက်အထိလမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်
နေစဉ်မှာလည်း မျက်နှာကိုခပ်ပြုံးပြုံးလေးနေပေးရမယ်နော်။


PERSONALITY:

၁၁) ကိုယ့်ဘ၀ကိုသူများတ္ဂေနဲ့မယှဉ်ပါနဲ့။ သူတို့ဘာလမ်းကြောင်းကို လျှောက်နေတယ်ဆိုတာ
သင်မသိနိုင်ဘူးလေ။
၁၂) ကိုယ်မထိမ်းချုပ်နိုင်တဲ့အရာတ္ဂေ အပေါ်မှာမကောင်းမြင်စိတ်တ္ဂေမထားပါနဲ့။ အဲ့ဒါတ္ဂေကြောင့်လည်း စိတ်ဆင်းရဲမနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကိုပဲတန်ဖိုးထားပြီး ဒါတ္ဂေကိုပဲ ပိုကောင်းအောင် လုပ်လိုက်ပါ။
၁၃) အလုပ်တ္ဂေကိုလည်းအလ္ဂန်အကျွံမလုပ်ပါနဲ့.. Limit တစ်ခုအထိပဲလုပ်တာကောင်းပါတယ်။
၁၄) ကိုယ့်ကိုယ်ကို သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ဘယ်သူမှလည်း ဒါမျိုးမလုပ်ပါဘူး။
သက်တောင့်သက်သာ လေးသာအကောင်းဆုံးဖြစ်ပါတယ်။
၁၅) ကိုယ့်ရဲ့တန်ဖိုးရှိတဲ့စ္ဂမ်းအင်တ္ဂေကို အတင်းပြောခြင်းဖြင့်မကုန်ဆုံးပါစေနဲ့။
၁၆) အိပ်နေစဉ်မှာထက် နိုးနေချိန်တ္ဂေမှာ အိပ်မက်ပိုမက်ပါ။
၁၇) မနာလိုဝန်တိုဖြစ်နေတာဟာအချိန်ဖြုန်းခြင်းတစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတ္ဂေ အားလုံးရှိနေ ပါတယ်။
၁၈) အတိတ်ကပြဿနာတ္ဂေကိုမေ့လိုက်ပါတော့။ကိုယ့်ရဲ့လက်တ္ဂဲဖော်၊ကြင်ဖော်တ္ဂေမှာ အရိပ်ဟောင်းတ္ဂေ ရှိနေရင်လည်းပြန်မဖော်ပါနဲ့တော့။ဒါတ္ဂေကလက်ရှိဘ၀ရဲ့ပျော်ရွှင်မှုတ္ဂေကိုဖျက်ဆီးလိမ့်မယ်။
၁၉) ဘ၀ဟာသိပ်တိုတောင်းပါတယ်။လူတစ်ယောက်ကိုမုန်းဖို့ဆိုတဲ့အချိန်တောင်ရှိမှာမဟုတ်ပါဘူး။
ဒါကြောင့်တစ်ခြားလူတ္ဂေကိုမမုန်းပါနဲ့။
၂၀) ပစ္စုပ္ပန်မှာပျော်ရွှင်ဖို့အတ္ဂက် အတိတ်တ္ဂေနဲ့ငြိမ်းချမ်းရေးရယူလိုက်ပါ။
၂၁) ကိုယ့်ရဲ့ပျော်ရွှင်မှုတ္ဂေရဲ့သခင်ဟာ ကိုယ်မှလ္ဂဲလို့နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။
၂၂) ဘ၀ဆိုတာကျောင်းတော်ကြီးတစ်ခုဖြစ်တယ်။ သင်ကအဲ့ဒီ့ကျောင်းတော်ကြီးမှာ ပညာသင်ရမယ့်
ကျောင်းသားလေးပေါ့။ ပြဿနာဆိုတာ သင်ရိုးညွှန်းတန်းတစ်ခုရဲ့ အစိတ်အပိုင်းမျှသာဖြစ်တယ်။
အက္ခရာသင်္ချာတ္ဂေကိုတ္ဂက်ချက်သလိုဖြေရှင်းနိုင်သ္ဂားမှာပါ။အဲ့ဒါတ္ဂေရဲ့သင်ခန်းစာတ္ဂေကတော့သင့်
ဘ၀တစ်လျှောက်လုံးအတ္ဂက်အရေးပါနေမှာပေါ့။
၂၃) များများပြုံးပါ။များများရီပါ။
၂၄) အငြင်းအခုံတ္ဂေမှာသင်ချည်းပဲအနိုင်ရနေမှာမဟုတ်ဘူး။ သင်သဘောမတူတာတ္ဂေကို သဘောတူ
အောင်ကြိုးစားကြည့်လိုက်ပါလား။


SOCIETY:

၂၅) မိသားစုနဲ့မကြာခဏဖုန်းပြောပါ။အဝေးရောက်နေတယ်ဆိုရင်ပေါ့။ အတူတူနေတယ်ဆိုရင်တော့
န္ဂေးထ္ဂေးတဲ့ဆက်ဆံရေးလေးဖြစ်အောင်တည်ဆောက်ပါ။
၂၆) အများသူငါအတ္ဂက်ကောင်းမှုတစ်ခုနေ့စဉ်ပြုကြည့်ပါ။
၂၇) လူတိုင်းကိုအရာအားလုံးအတ္ဂက်ခ္ဂင့်လွှတ်တတ်ဖို့ကြိုးစားကြည့်ပါ။
၂၈) အသက် (၇၀) ကျော် ဖိုးဖိုးဖ္ဂားဖ္ဂားတ္ဂေ၊ အသက် ၆ နှစ်အောက် ကလေးတ္ဂေနဲ့အချိန်များများပိုဖြုန်းပါ။
၂၉) တစ်နေ့မှာလူ၃ယောက်လောက်ကို ကိုယ့်ကြောင့်ပြုံးရီသ္ဂားအောင်ကြိုးစားကြည့်ပါလား။
၃၀) တစ်ခြားသူတ္ဂေသင့်ကို ဘာပဲထင်ထင် ဒါသင့်အလုပ်မဟုတ်ဘူး။
၃၁) သင့်ရဲ့အလုပ်ကသင်နေမကောင်းဖြစ်နေချိန်တ္ဂေမှာ သင့်ကိုလာပြုစုမှာ မဟုတ်ဘူး။ သင့်ရဲ့
သူငယ်ချင်းတ္ဂေ၊ မိသားစုဝင်တ္ဂေကသာသင့်အနားမှာရှိနေကြလိမ့်မယ်။ သူတို့တ္ဂေနဲ့များများ
ထိတ္ဂေ့နေဖို့လိုအပ်တယ်။

LIFE:
၃၂) မှန်ကန်တဲ့အရာကိုသာလုပ်ပါ။
၃၃) အသုံးမ၀င်တဲ့၊နှစ်လိုဖ္ဂယ်မရှိတဲ့၊ကြည်နူးဖ္ဂယ်မရှိတဲ့အရာမှန်သမျှကိုသင့်စိတ်ထဲကထုတ်ပစ်ပါ။
၃၄) ဘုရားသခင်ပအရာအားလုံးကိုစောင့်ရှောက်လိမ့်မယ်။
၃၅) ကောင်းတာပဲဖြစ်နေဖြစ်နေ။ဆိုးတာပဲဖြစ်နေဖြစ်နေ မမြဲပါဘူး။အမြဲပြောင်းလဲနေမှာပါပဲ။
၃၆) ကိုယ်ဘာတ္ဂေပဲခံစားနေရနေရ၊ကိစ္စမရှိပါဘူး၊
၃၇) အကောင်းဆုံးတ္ဂေဆိုတာဖြစ်လာဦးမှာပါ။
၃၈) နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ်ကင်းပြီးနိုးထလာနိုင်တာတိုင်းအတ္ဂက် ဘုရားသခင်ကို
ကျေးဇူးတင်လိုက်ပါ။
၃၉) ကိုယ့်ရဲ့အတ္ဂင်းစိတ်သန္တာန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်အမြဲ ပျော်ပျော်သာနေပါ။

လူမုန်လာဥ၊ လူကြက်ဥ နဲ့ လူလက်ဖက်ခြောက် 5:00 PM

တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့။ တစ်နေ့မှာသမီးလုပ်တဲ့သူက အဖေကိုတိုင်တည်တယ်။ သူ့ဘဝမှာအဆင်မပြေတာတွေများနေတယ်ပေါ့။ ဘာလုပ်လုပ်အဆင်မပြေတာတွေချည်းမို့ အားကပြတ်နေပြီး အရာရာကိုလက်လျှော့ချင်စိတ်ကပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာမောလှပါပြီ၊ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခုပြေလည်သွားလို့မှ မနားရသေးဘူး နောက်ထပ်ပြဿနာတစ်ခုက ထပ်တက်လာနဲ့ ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲဇောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်၊ သမီးတော့စိတ်ညစ်တယ် လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသည်ဖြင့်ဖအေကိုတိုင်တည်ရင်း ညည်းရှာတယ်။


ဖအေလုပ်တဲ့လူက စာဖိုမှူးကြီးပါ။ သမီးကလည်း အဲဒီလို ညည်းညူတိုင်တည်လာရောဖအေက ဘာမပြောညာမပြောနဲ့သမီးကိုလက်ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့အိုးသုံးလုံးထဲကိုရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာတည်လိုက်တယ်။ မကြာပါဘူး။ မီးတွေကပြင်းတော့သုံးအိုးစလုံးထဲကနေရေတွေက ပွက်ပွက်ဆူလာတော့တာပေါ့။ ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုန်လာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေထည့်လိုက်ပါတယ်။ ပြီးတော့အိုးတွေကို ဒီအတိုင်းဆက်တည်ထားလိုက်တယ်။ စကားတော့တစ်လုံးမှမပြောဘူး။ သမီးလုပ်တဲ့သူက ဖေဖေ့နှယ်ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်းစိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမဲ့ဘာကိုမဆိုအကြောင်းမဲ့မလုပ်တတ်တဲ့ ဖအေ့အကြောင်းကိုသိထားတော့အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲစောင့်နေရပါတော့တယ်။


ဆယ်မိနစ်လောက်ကြာတော့ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကိုသတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်းဆယ်ပြီးတခြားပန်းကန်ထဲထည့်တယ်။ နောက်ဆုံးအိုးထဲကလက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဖက်ကိုလှည့်ပြီးမေးလိုက်တယ်။


" ကဲ .. သမီးလေးရေ၊ ဒါတွေကဘာတွေလဲ.. "


" မုန်လာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ.. "


သမီးကအဲဒီလိုဖြေလိုက်တော့ဖအေကသမီးကိုသူ့နားလာခိုင်းပြီး မုန်လာဥတွေကိုစမ်းခိုင်းတယ်။ သမီးကဖအေခိုင်းတဲ့အတိုင်း မုန်လာဥပြုတ်တွေကိုဇွန်းနဲ့ထိုးကြည့်ပြီးနောက် " ဖေဖေ့မုန်လာဥတွေက ပျော့ပြဲနေပြီ.. " လို့ပြောလိုက်ပါတယ်။


ဖအေက သမီးစကားကိုအမှုမထားပဲကြက်ဥပြုတ်တစ်လုံးကိုယူပြီးသမီးကိုခွဲခိုင်းပြန်တယ်။ အပေါ်ကအကာကိုခွာလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီဖြစ်တဲ့ကြက်ဥပြုတ်ပေါ့။


နောက်ဆုံးမှာတော့ ရေနွေးကြမ်းကိုမြည်းကြည့်ဖို့ဖအေကခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်မိနေရင်းကနေ ဖအေခိုင်းတဲ့အတိုင်းအငွေ့တထောင်းထောင်းထနေတဲ့ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့မြည်းလိုက်လိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီးအရသာရှိတဲ့လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။


"ဖေဖေဘာကိုပြောချင်တာလဲဟင်…" လက်ဖက်ရည်ကြမ်းကိုအရသာခံရင်း သမီးကမအောင့်နိုင်တောပဲ မေးလိုက်ရပါတော့တယ်။


ဖအေကရှင်းပြတယ်။


" မုန်လာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့မတူတဲ့အရာသုံးမျိုးဟာ တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။


မုန်လာဥဟာရေနွေးထဲမရောက်ခင်တုန်းကတော သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ.. ဒါပေမဲ့ ရေနွေးနဲ့လည်းအပြုတ်ခံလိုက်ရရော တစ်ခါတည်းကိုပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ။


ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်ကအထိမခံဘူး ထိလိုက်တာနဲ့ဖတ်ခနဲကွဲမှာအသေအချာနော်။ အပေါ်ခွံပါးပါးလေးက အထဲကအရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကိုကာရံထားရတဲ့အနေအထားပေါ့။ ဒါပေမဲ့ရေနွေးဆူဆူထဲမှာလည်းကြာကြာလေးနေလိုက်ရရော အဲဒီပျော့အိအိအတွင်းသားတွေအားလုံးမာကုန်တာပဲမဟုတ်လားသမီးရဲ့..။


အေး.. လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်သွားရော အဲဒီပွက်ပွက်ဆူနေတဲ့ရေကိုပါ လက်ဖက်ရည်အဖြစ်ပြောင်းလဲပစ်လိုက်တယ်။


ကဲ.. အဖေ့သမီးကရော ဘာလဲ။ မုန်လာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား။ လောကဓံဆိုတာတော့လူတိုင်းရင်ဆိုင်ကြရတာပဲသမီး။ အဲဒီလောကဓံနဲ့နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုန်လာဥလိုတုံ့ပြန်မလား၊ ကြက်ဥလိုတုံ့ပြန်မလား၊ လက်ဖက်ခြောက်လိုတုံ့ပြန်မလား သမီးဘာသာစဉ်းစားပေတော့ကွယ်။"


ပုံပြင်လေးကတော့ဒါပါပဲကွယ်။ စာဖတ်သူလူကြီးမင်းကရောဘယ်လိုပါလဲ။


အပြင်ပန်းအမြင်မှာတော့ မုန်လာဥလိုမာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ့ လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီးအားကုန်သွားမယ့်လူစားမျိုးပါလား။


ဒါမှမဟုတ်ကြက်ဥလိုလူစားလား။ အစတုန်းကတော့ ထိလွယ်ရှလွယ်တယ်။ စိတ်ကလည်းပျော့တယ်။ ဒါပေမဲ့သေခြင်းတရားလို ရှင်ကွဲကွဲတာလို ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်ခံစားပြီးရတဲ့နောက်မှာတော့ နင်လားဟဲ့.. လောကဓံဆိုတဲ့စိတ်ဓာတ်၊ ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော တောင့်တင်းတင်းကြီးဖြစ်သွားမယ့်လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးသားကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာသိပ်မကွာလှပေမယ့် အတွင်းမှာခါးသီးမာကျောနေတဲ့နှလုံးသားနဲ့လူများဖြစ်နေမှာလား။


ဒါမှမဟုတ်စာဖတ်သူလူကြီးမင်းဟာ လက်ဖက်ခြောက်လိုလူစားမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုက္ခတွေ အရှိန်တက်လေလေ အရည်အချင်းတွေပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိမ့်မယ်။


ကဲ.. စာဖတ်သူလူကြီးမင်း လောကဓံကိုဘယ်လိုရင်ဆိုင်မယ်စိတ်ကူးပါသလဲ။ စာဖတ်သူဟာ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား။

ABCD အက္ခရာ လေးတွေကနေ သင်.ရဲ. စရိုက် ကို ခန်.မှန်းနိုင် 1:26 PM

သင်ရဲ. နာမည် ကို မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင်.ရဲ. စရိုက် ကို
ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည်.လိုက်လေ။ ဒီလို....

Z= သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ. ရန်ဖြစ်နေရမှ ကျေနပ်တယ်။
A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည် သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်။
R= သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်

သဘောပေါက်ပြီးနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ. A ကနေ Z ထဲ က
သာရှာကြည်. ကျပေတော.။

A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည် သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်.ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ.သူပဲ
F = သင်.မှာ ချစ်မွေး ပါတယ်
G = သင်.ဟာ လူတွေ ကို အကဲခက်အရမ်းတော်တယ်
H = သင်.မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရူစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေ သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင်.လင်း တဲ.သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည်.ရှိတယ်
Q = သင် ဟာ သူတော်ကောင်းယောင်ဆောင်ထားတယ်
R= သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင်.မှာ ကြီးမားတဲ. ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို. မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင်.မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ.တယ်
Z= သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ. ရန်ဖြစ်နေရမှ ကျေနပ်တယ်။

ပျော်ရွင်နိုင်ကြပါစေ...

သူငယ်ချင်းဆိုတာ... 5:46 PM




ရုပ်ပုံ၏ ဆိုလိုချက်

သူငယ်ချင်းဆိုတာ သင့်ကို အပေါ်ဆွဲတင်နိုင်ချင်မှ နိုင်ပါလိမ့်မယ်... ဒါပေမဲ့
သင်အောက်ကို ပြုတ်မကျသွားဖို့ အတွက် ဘယ်လိုလုပ်ရလဲဆိုတာ စဉ်းစားပေးတယ်...

အလုပ်မလုပ်ခဲ့သေးပါဘူး… 10:44 AM

ကိုဖိုးလုံးဟာ ကုမ္ပဏီတစ်ခုမှာ ကိုယ်ကြိုးမငဲ့ဘဲနဲ့ အလုပ်ကို ကြိုးကြိုးစားစား လုပ်လာခဲ့လိုက်တာ လုပ်သက် ၂နှစ် ကျော်လာတာတောင်မှ သူ့ကို ရာထူးလည်းမတိုးဘူး၊ အပြောင်းအရွှေ့လည်း မလုပ်ပေးဘူး၊ လစာလည်းမတိုးဘူး၊ ဘောက်ဆူးလည်း မပေးဘူး။ ဒီတော့ သူ့ခမျာ စိတ်တွေညစ်ရတာပေါ့။ ဒါကြောင့် သူ့ဌာနက မန်နေဂျာကို တက်ပြောမယ်လို့ဆုံးဖြတ်လိုက်ရတော့တယ်။

နောက်တစ်နေ့မနက်ကျတော့ ရုံးမှာ မန်နေဂျာနဲ့တွေ့တာနဲ့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြတယ်။ ပြီးတော့ မန်နေဂျာကို သူလစာ မတိုးတာနဲ့ ပတ်သက်ပြီး ကိုဖိုးလုံးက ပြောပြတယ်။ ဒီတော့ မန်နေဂျာက ကိုဖိုးလုံးကို ပြုံးပြုံးကြီးကြည့်ပြီး သူ့ရုံးခန်းထဲလိုက်ခဲ့ဖို့ ခေါ်တယ်။ ရုံးခန်းထဲရောက်တော့မှ မန်နေဂျာက သူ့ကို ထိုင်ခုံမှာထိုင်ခိုင်းပြီး "ကိုဖိုးလုံး ခင်ဗျားကျုပ်တို့ရုံးမှာ တစ်ရက်ပြည့်အောင်တောင် အလုပ်မလုပ်ခဲ့သေးပါဘူးဗျာ"လို့ ပြောချလိုက်ပါလေရော။

ကိုဖိုးလုံးခမျာမှာလည်း မန်နေဂျာရဲ့ စကားကြောင့် တော်တော်လေးအံ့အားသင့်သွားတာတော့ အမှန်ပဲ။ ဒါပေမဲ့ မန်နေဂျာက ဆက်ပြောတယ်။

မန်နေဂျာ။ ။ တစ်နှစ်မှာ ရက်ပေါင်း ဘယ်နှရက်ရှိလဲ ကိုဖိုးလုံးရာ။
ကိုဖိုးလုံး။ ။ ၃၆၅ရက်ရှိပါတယ်ဆရာ၊ တချို့နှစ်တွေမှာတော့ ၃၆၆ရက်ရှိပါတယ်။

မန်နေဂျာ။ ။ ဒါဆို တစ်ရက်မှာ ဘယ်နှနာရီရှိလဲဗျာ။
ကိုဖိုးလုံး။ ။ ၂၄နာရီရှိပါတယ်ဆရာ။

မန်နေဂျာ။ ။ ခင်ဗျား တစ်နေ့ကို ဘယ်နှနာရီအလုပ်လုပ်လဲ။
ကိုဖိုးလုံး။ ။ မနက်ရှစ်နာရီကနေ ညနေလေးနာရီအထိ ရှစ်နာရီအလုပ်လုပ်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဒီတော့ အချိုးချကြည့်လိုက်မယ်ဆိုရင်ဗျာ ကိုဖိုးလုံး တစ်ရက်အလုပ်လုပ်ချိန်ဟာ ဘယ်လောက်ရှိမလဲ။
ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် စိတ်ထဲမှာ တစ်ရက်စာ ၂၄နာရီကို အလုပ်လုပ်ချိန် ရှစ်နာရီနဲ့စားပြီး) တစ်နေ့တာရဲ့ သုံးပုံတစ်ပုံကျွန်တော် အလုပ်လုပ်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ခင်ဗျား အတွက်အချက်တော့ တော်ရှာသားပဲ ကိုဖိုးလုံးရ။ ဒီတော့ တစ်နှစ်စာ ၃၆၆ရက်ကို သုံးပုံပုံလိုက်ရင် ဘယ်လောက်ရှိမလဲဗျာ။
ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် ၃၆၆ ကို စိတ်ထဲမှာ ၃နဲ့ စားပြီး) ၁၂၂ ရက် ရှိပါတယ်ဆရာ။

မန်နေဂျာ။ ။ စနေတနင်္ဂနွေတွေ ခင်ဗျား ရုံးတက်လား။
ကိုဖိုးလုံး။ ။ မတက်ပါဘူးဆရာ၊ ရုံးပိတ်တာကိုး။

မန်နေဂျာ။ ။ ကောင်းပြီ၊ အဲဒီတော့ဗျာ၊ တစ်နှစ်မှာ စနေတနင်္ဂနွေ ဘယ်နှရက်ရှိလဲ။
ကိုဖိုးလုံး။ ။ စနေက ၅၂ရက်၊ တနင်္ဂနွေက ၅၂ရက်ဆိုတော့ စုစုပေါင်း ၁၀၄ရက် ရှိပါတယ်ဆရာ။
မန်နေဂျာ။ ။ ခင်ဗျား တော်တော် တော်တာပဲဗျ အတွက်အချက်ကတော့၊ ဒါဆို ခုနက ၁၂၂ရက်ထဲကနေ ၁၀၄ရက် နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ။
ကိုဖိုးလုံး။ ။ ၁၈ရက် ကျန်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဟုတ်ပြီ။ ခင်ဗျားတို့ကို နှစ်စဉ်နှစ်တိုင်း ဆေးခွင့်ဆိုပြီး နှစ်ပတ်ပေးထားတယ်နော်။ ဟုတ်လား။ ဒီတော့ ကျန်တဲ့ ၁၈ရက်ထဲကနေ နှစ်ပတ်စာ ၁၄ရက်ကို နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ ပြော။
ကိုဖိုးလုံး။ ။ ၄ရက်ကြီးများတောင် ကျန်ပါသေးတယ်ဆရာ။

မန်နေဂျာ။ ။ ကဲ ဒီတော့ နှစ်သစ်ကူးနေ့မှာ ခင်ဗျား အလုပ် လုပ်လား။
ကိုဖိုးလုံး။ ။ အပီအပြင် နားပါတယ်ဆရာ။

မန်နေဂျာ။ ။ အလုပ်သမားနေ့မှာရော အလုပ်ဆင်းလား။
ကိုဖိုးလုံး။ ။ ပြောနေစရာလိုလားဆရာရယ်၊ ရုံးမပြောနဲ့ အိမ်တောင် မကပ်ဘူး။ မန်နေဂျာ။ ။ ကဲ ဒီတော့ ကျန်တဲ့ ၄ရက်ထဲက အဲဒီ နှစ်ရက် နှုတ်လိုက်ရင် ဘယ် လောက်ကျန်မလဲပြော။

ကိုဖိုးလုံး။ ။ ၂ရက်တိတိကျန်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျား အမျိုးသားနေ့မှာ ရုံးတက်လား။
ကိုဖိုးလုံး။ ။ ရုံးမှမဖွင့်တာဆရာကလည်း နားတာပေါ့။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားမှာ ဘယ်နှရက် ကျန်သေးလဲ။ ကိုဖိုးလုံး။ ။ တစ်ရက်တိတိကျန်ပါသေးတယ်။
မန်နေဂျာ။ ။ ခရစ္စမတ်နေ့မှာရော ခင်ဗျား လာလား။
ကိုဖိုးလုံး။ ။ လစ်ပြီးသားပေါ့ဆရာရယ်။

မန်နေဂျာ။ ။ ကဲဗျာ၊ ကိုဖိုးရာ ပြောရမှာလည်း အားနာတယ်၊ ဒီတော့ ခင်ဗျားမှာ ဘယ်နှရက်ကျန်သေးလဲ။
ကိုဖိုးလုံး။ ။ တစ်ရက်မှ မကျန်တော့ပါဘူးဆရာရယ်။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားက ဘာအတွက် ကျုပ်ဆီ မကျေမနပ်လာပြောနေရတာလဲ။
ကိုဖိုးလုံး။ ။ ကျွန်တော် နားလည်ပါပြီဆရာ။ တော်တော်ကြီးကို သဘောပေါက်သွားပါပြီ။ ဒီနှစ်နှစ်လုံးလုံး ကုမ္ပဏီက ပိုက်ဆံတွေ ကျွန်တော် အချောင်သက်သက်ဖြုန်းတီးနေမိတယ်ဆိုတာ အခုမှပဲ နားလည်ပါတော့တယ်ဆရာရယ်။ တော်သေးတာပေါ့ ကျန်တဲ့ တခြားရုံးပိတ်ရက်တွေပါ ထည့်မတွက်ပေးတဲ့အတွက်တောင် ကျေးဇူးတင်ရဦးမှာ။ နို့မဟုတ်ရင် ကျွန်တော်က တောင် အိတ်ပြန်စိုက်ရမယ်ထင်တယ်ဆရာရယ်။ ကျေးဇူးကြီးပေလို့ပေါ့။

သတိပြုရန်။ ။ ဘယ်သောအခါမှ အထက်လူကြီးကို အကူအညီမတောင်းလေနှင့်။

Reff : From Forwarding Mail

စိတ်ကူးယဉ်မယ်ဟေ့... 10:07 AM












ထွေးလေးရေ...

စိတ်ကူးယဉ်ကြည့်မယ်နော်..

သူတို့လိုလှချင်တယ်... လုပ်ပေး...

L O V E 5:49 PM

(LOVE) အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

ကံကြမ္မာနဲ့အချစ် 11:08 AM

ဟိုး.........တစ်ခါတုန်းကပေါ့....
အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့ အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့ သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။ ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့ ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။ သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။ နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။ ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့ ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ် ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့ သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊ သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့ တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့ သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။ ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။

တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?


Reff : From Forwarding Mail

အရေးပါတဲ့ဘ၀ရဲ့ အသေးအဖွဲ့လေးတွေ (၂) 10:36 AM

မောင် ဒီနေ့ ပြန်လာဖို့ အချိန် တကယ်မမီတော့ဘူးလားဟင်" တံခါးဝထိ လိုက်ပို့တဲ့ ဇနီးက မျှော်လင့်ချက် မျက်လုံးနဲ့ သူ့ကိုမေးတယ်။ "ဒီဧည့်သည်က အရေးကြီးတယ်။ မောင်တို့ ဟိုမှာပဲ တည်းဖြစ်လိမ့်မယ်။ မောင့်ကို မစောင့်နဲ့တော့.. မနက်ဖြန်မှပဲ မောင်တို့ထပ်ကျင်းပကြတာပေါ့" "ဟုတ်ကဲ့ပါမောင်.. ကားကို သတိထား မောင်းအုန်းနော်" သူမကို သူတစ်ချက်နမ်းလိုက်တယ်။ သူ့အလုပ်အိတ်ကို သူမကားပေါ် တင်ပေးလိုက်တယ်။ ဒီနေ့က သူနဲ့သူမရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်တယ်။ သူမကို သူစတွေ့တုန်းက သူမရဲ့ ဖျတ်လတ်မှု၊ အလုပ်အကိုင် ကြိုးစားမှု၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှု၊ စိတ်သဘောထား နူးညံ့သိမ်မွေ့မှုတွေက သူ့ကို ဖမ်းစားခဲ့တယ်။ ဒီနေ့အထိ သူမကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်တွေ မှန်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။ သူမဟာ ကုန်သည်ရဲ့ ဇနီးကောင်းတစ်ဦးအဖြင့် တာဝန်ကျေခဲ့ပါတယ်။ သူ့အတွက် စိတ်ဓာတ်ခွန်အားတွေ အားပေးကူညီသူဖြစ်ခဲ့တယ်။ မကြာခဏ သူခရီးထွက်နေရလို့ အိမ်တာဝန်ကို တစ်ဦးတည်း ထိန်းသိမ်းခဲ့သူဖြစ်တယ်။ သားနှစ်ယောက်ကလည်း လိမ္မာရေးခြား ရှိလှတယ်။ သားလေးတွေ မွေးတုန်းက သူမ အနားမှာ သူမရှိနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီဘဝမှာ သူတို့အတွက် အရေးကြီးတဲ့ နေ့ရက်ဆိုလို့ မင်္ဂလာနှစ်ပတ်လည်နေ့နဲ့ သူမ ဆုံးတဲ့နေ့ဖြစ်တယ်။ အဲဒီနှစ်ရက်ကို သူမပျက်မကွက် တက်ရမယ်လို့ သူ့ကို သူမ မကြာခဏ စနောက်တတ်တယ်။ သူမရဲ့ အစအနောက်ကို သူ ဂရုမစိုက်ခဲ့မိဘူး။ ခါတိုင်းလိုပဲ သူ့စိတ်ကူး အိပ်မက်တွေအတွက် အလုပ်တွေနဲ့ ရှုပ်နေခဲ့တယ်။ သူ့စိတ်ကူးအိပ်မက်၊ သူ့ရည်မှန်းချက်နဲ့ သူ့သတ္တိကို သူမအစကတည်းက နားလည်ခဲ့ပါတယ်။ ဒီလောကမှာ သူမဟာ သူ့ကို နားလည်မှု အပေးဆုံးလို့လည်း သူသိထားတယ်။ သူ့ကြိုးစားမှုတွေက သူမအတွက်၊ မိသားစုအတွက်ဆိုတာ သူမ သဘောပေါက်ခဲ့ရင် ဒီညနှစ်ပတ်လည်နေ့မှာ သူပျက်ကွက်ခဲ့တာကို သူမခွင့်လွှတ် လိမ့်မယ်လို့ သူယုံကြည်မိတယ်။ ကုမ္ပဏီသွားတဲ့ လမ်းတစ်နေရာမှာ ပန်းအရောင်းဆိုင် တစ်ဆိုင်ကို သူတွေ့လိုက်တယ်။ ကားရပ်ပြီး သူမကြိုက်တဲ့ နှင်းဆီနီကို ၇ ဒါဇင်မှာလိုက်တယ်။ နှင်းဆီတစ်ပွင့်က တစ်လကိုယ်စားပြုတယ်။ (၇) နှစ်အတွက် နှင်းဆီပန်းတွေ မှာပြီး နေအိမ်လိပ်စာကဒ် ထုတ်ပေးလိုက်တယ်။ သူ့ကိုယ်စား သူမအတွက် ပန်းဆိုင်က သွားရောက် ပို့ပေးဖို့ ဖြစ်တယ်။ ပန်းမှာပြီး သူလှည့်အထွက် တံခါးဝမှာ ပန်းအိုးတစ်လုံး ကိုင်ထားတဲ့ အဘိုးအိုတစ်ဦးနဲ့ တိုက်မိခဲ့တယ်။ " ဟာ.. အဘိုး... ဆောရီးပါ။ ဘယ်နား နာသွားပါသလဲ?"

ပျာပျာသလဲ တောင်းပန်တဲ့ သူ့ကို အဘိုးအို ဂရုမစိုက်ဘဲ လက်ထဲ လွတ်ကျခါနီးတဲ့ ပန်းအိုးကိုပဲ အလျှင်အမြန် စစ်ဆေးနေတယ်။ "တော်သေးတယ် .. တော်သေးတယ်။ ဘုရားသခင် ကယ်ပေလို့ ဒီစံပယ်ပန်းအိုးလေး ကွဲမသွားတာ" အဘိုးအို တိုးတိုးလေး ရေရွတ်နေတယ်။ "အဘိုး.. အဆင်ပြေလား? ဆေးရုံ လိုက်ပို့စရာလိုပါသလား?" သူထပ်မေးလိုက်ပြန်တယ်။
အဲဒီအချိန်ကျမှ အဘိုးအိုက "မလိုဘူး.. ငါ့သား မလိုဘူး။ အဘိုးအရိုးတွေ မာနေသေးတယ်။ ဘာမှမဖြစ်လောက်ဘူး။ ဒီပန်းက အဘိုးမိတ်ဆွေ စိုက်ထားတာ။ အဘိုးမိန်းမက စံပယ်ပန်း ကြိုက်တတ်မှန်းသိလို့ လက်ဆောင်ပေးထားတာ။ သူ့ကို အဘိုး မြန်မြန်ယူသွားပြရမယ်။ ဒီနေ့က အဘိုးတို့ရဲ့ (၄၅) နှစ်ပြည့် နှစ် ပတ်လည်နေ့လေ။ သူ့အရမ်းပျော်မှာပဲ" ပြောပြောဆိုဆို ထွက်သွားတဲ့ အဘိုးအိုရဲ့နောက်ကျောကို သူငေးနေမိတယ်။ အသက်အရွယ် အိုမင်းခဲ့ပေမယ့် သူ့ဇနီးအပေါ်ထားတဲ့ ခံစားချက်၊ သံယောဇဉ် မေတ္တာတွေက ပြည့်နှက်နေဆဲပါလား... ကုမ္ပဏီဝင်ပြီး ညနေမှာ ဧည့်သည်နဲ့ ချိန်းထားတဲ့နေရာကို သူထွက်လာခဲ့တယ်။ ကားအသွားအလာရှင်းပြီး လမ်းတွေ မပိတ်ခဲ့ပေမယ့် လမ်းဘေးသင်္ချိုင်း တစ်နေရာက မြင်ကွင်းတစ်ခုက သူ့ကားကို ရပ်တန့်စေခဲ့တယ်။ ပန်းအရောင်ဆိုင်ရှေ့က သူတိုက်ခဲ့မိတဲ့ အဘိုးအိုမှာ အုတ်ဂူတစ်လုံးရှေ့ ထိုင်ပြီး မြက်တွေရှင်းနေတာကို တွေ့လိုက်မိတယ်။ စံပယ်ပန်းအိုးကို အုတ်ဂူပေါ်မှာ တင်ထားတာ တွေ့လိုက်တယ်။ သူ ဘာမှ စဉ်းစားမနေတော့ဘဲ ကားကို ပြန်ကွေ့လိုက်တယ်။ ပန်းဆိုင်ရှေ့ ကားရပ်ပြီး ဆိုင်ထဲ သူအပြေးဝင်သွား ခဲ့တယ်။ "ကျွန်တော်မှာထားတဲ့ပန်း ပို့လိုက်ပြီလား ခင်ဗျာ" "မပို့ရသေးပါဘူး" "ဒါဆို ကျွန်တော်ကိုယ်တိုင်ပဲ ယူသွားပါ့မယ်" ကိုယ့်အနားရှိနေချိန်မှာ တန်ဖိုးထားရကောင်းမှန်း မသိဘဲ ဆုံးရှုံးသွားမှ လူတွေက နှမြောတတ်ကြတယ်။ ဒီလို နှမြောခြင်းတွေ ကိုယ့်ဆီမှာ မဖြစ်ပွါးဖို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အလုပ်များနေပါစေ ကိုယ့်ချစ်တဲ့သူ အတွက် အချိန်တစ်ချိန် ချန်ထားပေးဖို့ မမေ့သင့်ပါဘူး။ ဘဝဆိုတာ နောက်တစ်ကြိမ် ထပ်လာလို့ မရနိုင်ပါဘူး။ နောင်ဘဝ.. နောင်ဘဝသာရှိခဲ့ရင် ဒီထက်ပိုချစ်ပြမယ်လို့ ဂတိတွေပေးနေမယ့်အစား ဘာဖြစ်လို့ ...ဒီဘဝမှာ ကောင်းကောင်းတန်ဖိုးထားပြီး မချစ်ကြသလဲ? ရွေးချယ်မှုတွေ များနေလို့လား…? ရွေးချယ်မှုတွေ များနေခဲ့လို့ပဲ ဘယ်သူ၊ ဘယ်အရာကို တန်ဖိုးထား ချစ်ရမယ်မှန်းမသိဘဲ တွေဝေခဲ့လို့လား..?


Reff : From Forwarding Mail

ကြည်နူးစရာတောင်းပန်လွှာ 4:04 PM

လက်ထပ်ပြီးလဲ သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊ စိတ်ကောက်တတ်တုန်း....
တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်က ထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးက ဖောက်လာပြီး သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကို သူလှည့်ပြန်လာခဲ့တယ်။ တစ်ခါမှ သူစိတ်ဆိုးတာကို မခံဖူးတဲ့ သူမက လမ်းလယ်မှာ မျက်ရည်တွေနဲ့ တစ်ယောက်တည်းကျန်ခဲ့တယ်။ ဒါပေမယ့် အရှုံးမပေးဘဲ စိတ်ကောက်အရွဲ့တိုက်တတ်တဲ့ မိန်းမတို့သဘာဝကို သူမ ပိုင်ပိုင်နိုင်နိုင် ဆုတ်ကိုင်ထားခဲ့တယ်။

ည(၁၁)နာရီ သူမအိပ်ပြန်ရောက်တော့ အိမ်တစ်အိမ်လုံး အမှောင်ချထားဆဲပါ။ သူ အိပ်ပျော်နေပြီလား? သူ ပြန်မလာသေးဘူးလား? လူခေါ်ဘဲလ်ကို မနှိပ်ဘဲ သော့ထုတ်ပြီး တံခါးဖွင့်ဖို့ သူမပြင်တော့ တံခါးရွက်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်တယ်။

"ငါ့ကို နင်တောင်းပန်သင့်တယ်"

လို့ စာရွက်ပေါ် ရေးထားတဲ့စာကိုတွေ့တော့ သူမ စိတ်တိုမိတယ်။ အိမ်ထဲဝင်ပြီး မီးဖွင့်တံခါးပိတ်တော့ တံခါးရွက်နောက်မှာ စာရွက်တစ်ရွက်ကို သူမတွေ့ပြန်တယ်။
"မတောင်းပန်ချင်ရင် ငါရှုးဖိနပ်ကို ပြောင်နေအောင် တိုက်ပေးလည်းရတယ်"
လို့ ရေးထားတာ တွေ့လိုက်ပြန်တော့ သူမ စိတ်ပိုတိုမိပြီး "တိုက်စရာလား" လို့ အော်မိတယ်။ ဖိနပ်ချွတ်ပြီး ဖိနပ်ကို စင်ပေါ်တင်တော့ စာရွက်တစ်ရွက်တွေ့ပြန်တယ်။ "တိုက်စရာလား" လို့ ရေးထားတဲ့ စာတိုလေးကို ကြည့်ပြီး သူမပြုံးမိတယ်။ စိတ်ထဲမှာလည်း "တောင်းပန်ရမယ် ဟုတ်လား? တစ်ပတ်လောက် ဂရုမစိုက်ဘဲ ပစ်ထားလိုက်မယ်။ ဘာမှတ်လဲ..." လို့ တစ်ဆက်တည်း တွေးလိုက်မိတယ်။ ကိုယ်လက်သန့်စင်ဖို့ သန့်စင်ခန်းထဲ သူမဝင်တော့ မှန်ပေါ်မှာ ကပ်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့ပြန်တယ်။
"ဘယ်လိုတောင်းပန်ရမယ်ဆိုတာ မသိရင် စာအုပ်စင်ပေါ်က စာအုပ်မှာ သဲလွန်စရှိတယ်"
လို့ ရေးထားတဲ့ စာကို တွေ့ပြန်တယ်။ သိချင်စိတ်နဲ့ စာအုပ်စင်ရှိရာဖက် သူမ အပြေးသွားလိုက်မိတယ်။ စာအုပ်နဲ့ ဖိထားတဲ့ စာရွက်တစ်ရွက်ကို သူမ ယူကြည့်လိုက်တယ်။ "နောက်ကျောက စာနှစ်ကြောင်းကို အသံထွက်ပြီး ရွတ်ပြပါ" လို့ ရေးထားတာမြင်တော့ စာရွက်နောက်ကျောကို သူမ လှန်ကြည့်လိုက်တယ်။ တီဗွီမှာအမြဲလာနေတဲ့ ကြော်ငြာစာသားတစ်ကြောင်းကို သူမတွေ့လိုက်တယ်။
"လတိုင်း စိတ်ညစ်ရတဲ့ ရက်တွေရှိတာ မိန်းမသားတို့ သဘာဝပါ"
ကြော်ငြာစာသားကို ကြည့်ပြီး သူမရယ်ချင်မိတယ်။ နေ့လယ်က စိတ်ဆိုးဒေါသထွက်ပြီး မခေါ်ဘဲပစ်ထားမယ်လို့ တွေးထားတဲ့ အတွေးတွေလည်း ပျောက်ကုန်တယ်။ ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ဖို့ သူမပြင်လိုက်တယ်။ တစ်ဖက်လှည့်ပြီး အိပ်မောကျနေတဲ့သူကို စောင်းငဲ့ပြီးတောင် မကြည့်လိုက်မိဘူး။ မအိပ်ခင် စာဖတ်တတ်တဲ့ သူမရဲ့အကျင့်ကြောင့် ဖတ်လက်စစာအုပ်ကို သူမကောက်ယူလိုက်တယ်။ စာအုပ်ကြားမှာ စာရွက်တစ်ရွက် ထွက်ကျလာပြန်တယ်။

"နင်လည်း စိတ်မကောင်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ်။ ငါလည်း ငါ့ကိုယ်ငါ ချင့်ချိန်သင့်တယ်။ ငါ့ကိုနင် အပြစ်ရှာတုန်းက လမ်းတစ်ဖက်မှာ ငါ့သူငယ်ချင်းတွေကို ငါတွေ့လိုက်တယ်။ ငါ့ကို မယားကြောက်ဆိုပြီး စဖို့ သူတို့က လမ်းစလိုက်ရှာနေကြတာ။ နင့်နဲ့ငါ ပြိုင်ငြင်းတာတော့ မဟုတ်ဘူးနော်။ ယောက်ျားပဲကွာ... အိမ်မှာ မိန်းမကို ဘယ်လိုပဲချစ်ချစ်၊ ဘယ်လောက်ပဲကြောက်ကြောက် အပြင်လူရှေ့သူရှေ့ရောက်ရင် မျက်နှာသာတော့ လိုချင်တာပေါ့။ ဘယ်သူမဆို ကိုယ့်မိန်းမနဲ့ သင့်မြတ်ချင်ကြတာချည်းပဲ"

စာဖတ်ပြီး သူမ မှားသွားမှန်း သိလိုက်တယ်။ သူမ လွန်သွားမှန်းလည်း တွေးမိလိုက်တယ်။ ဝမ်းနည်းတဲ့ စိတ်နဲ့ သူ့ကို သူမ သိုင်းဖက်ပြီး ကိုယ်ကို ဆွဲလှည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်ပြန်တယ်။

စာရွက်ပေါ်မှာက "ငါ့ကို နမ်းပါ" တဲ့......

ဒီစာလေးကို ဖတ်လိုက်မိတဲ့အချိန်က အရမ်းကိုတိုက်ဆိုင်လွန်းလို့ သိမ်းထားခဲ့မိတယ်.. အခု သူငယ်ချင်းတွေကို မျှဝေလိုက်တယ်နော်...


Reff : From Forwarding Mail

ပျောက်ဆုံးသွားတဲ့ အရိပ် 3:05 PM

သူက ကျွန်တော့်အရိပ်ဖြစ်တယ်။ ကျွန်တော်ဘယ်သွားခဲ့တယ်၊ ဘယ်ရောက်ခဲ့တယ်ဆိုတာကို သူအမြဲ သိချင်နေတယ်။ သူ့အမေးအမြန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် မကြာခဏ စိတ်ညစ်ရပေမယ့် သူက ပျော်နေပုံရတယ်။ ဒါပေမယ့် အဲဒီအရိပ်က မိုးညည်းည တစ်ညမှာ လုံးဝပျောက်ကွယ်သွားခဲ့ရတယ်.....

မင်္ဂလာဆောင်တဲ့နေ့က လက်စွပ်ဝယ်မယ့် ပိုက်ဆံနဲ့ ကျွန်တော့်ကို ဟမ်းဖုန်းတစ်လုံး သူဝယ်ပေးခဲ့တယ်။ အဲဒီညမှာ နှစ်ယောက်သား စောင်ထဲကွေးရင်း ဖုန်းသံစဉ်မျိုးစုံကို ကျွန်တော်တို့ စမ်းခဲ့ကြတယ်။ ဘဝဟာလည်း ဖုန်းသံတွေလိုပဲ မြူးကြွပြီး နားဝင်ချိုမယ်၊ ပျော်စရာတွေနဲ့ ပြည့်နေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတယ်။

အဲဒီနေ့ကစပြီး သူ့ဖုန်းကို ကျွန်တော် မကြာခဏ လက်ခံရရှိခဲ့တယ်။
"မောင်... ရုံးဆင်းရင် ဈေးဝယ်ခဲ့နော်"
"မောင်... မောင့်ကို သတိရနေတယ်"
"မောင်... အမေတို့အိမ်မှာ ညနေစာ အတူသွားစားကြမယ်နော်"

သူ့အသံ၊ သူ့ရဲ့ ဂရုစိုက်မှုတွေကြောင့် ကျွန်တော့်ရင်တွေ နွေးထွေးခဲ့ရတယ်။

တစ်ခါက ဖုံးကို ဓာတ်အားသွင်းဖို့ ကျွန်တော်မေ့သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ကခါတိုင်း ပြန်နေကျအချိန်ထက် နောက်ကျပြီးမှ ကျွန်တော်အိမ်ပြန်ရောက်ခဲ့တယ်။ အိမ်တံခါးဖွင့်လိုက်တာနဲ့ ဖုယောင်ပြီး မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးတစ်စုံကို ကျွန်တော်တွေ့လိုက်တယ်။

နောက်မှ ရုံးဆင်းချိန်ကတည်းက ကျွန်တော့်ဆီ သူ ဖုန်းမပြတ်ဆက်ခဲ့တယ်လို့ သိရတယ်။ ဖုန်းကလည်း ဆက်လို့မရ ကျွန်တော်များ မတော်တဆတစ်ခုခု ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကျွန်တော့်ဆီ ၁ဝမိနစ်တစ်ခါ သူကြိုးစားပြီး ဖုန်းတွေဆက်ခဲ့တာ ကျွန်တော် အိမ်တံခါးတွန်းဖွင့် ဝင်သွားချိန်ထိပါပဲ။

ကိစ္စအသေးအမွှားကို ရေးကြီးခွင်ကျယ်လုပ်တဲ့ သူ့အပြုအမှုကို ကျွန်တော်ဂရုမစိုက်ခဲ့ဘူး။
"မောင်က ကလေးမှ မဟုတ်တာ ဘာများ ဖြစ်နိုင်မှာမို့လဲ?"
"မောင် ဖုန်းမကိုင်ရင် မောင်မပြန်လာတော့ဘူးလို့ပဲ ထင်နေခဲ့တယ်"
"ဟား... ဟား... ငတုံးလေး" သူ့ခေါင်းကို ခပ်ဖွဖွပုတ်ရင်း ကျွန်တော်ရီလိုက်မိတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း ဖုန်းကို ဓာတ်အားသွင်းဖို့ ကျွန်တော် ဘယ်တော့မှ မမေ့ခဲ့ဘူး။

အဲဒီနောက် အလုပ်က ကျွန်တော် ရာထူးတိုးခဲ့တယ်။ ငွေပိုငွေလျံတွေ ရှိခဲ့တယ်။ ဖုန်းအသစ်တွေ တစ်လုံးပြီးတစ်လုံး ကျွန်တော်ပြောင်းသုံးနိုင်ခဲ့တယ်။ တစ်နေ့မှာ သူ့ကိုပေးဖို့ လက်စွပ်တစ်ကွင်း လိုသေးကြောင်း ကျွန်တော် သတိရလိုက်မိတယ်။ သူ့ကိုခေါ်ပြီး လက်စွပ်ဝယ်ဖို့ သွားတော့ "စိန်လက်စွပ်ကို လက်မှာ စွပ်ထားတော့ ဘာအသုံးဝင်မှာမို့လဲ.. မောင်နဲ့အမြဲ အဆက်အသွယ် ရနေအောင် ဖုန်းတစ်လုံးဝယ်ပေးရင် ရပြီ မောင်" လို့ သူက တောင်းဆိုတယ်။ အဲဒီညနေက တစ်ယောက်က ဧည့်ခန်း ကျန်တစ်ယောက်က အိပ်ခန်းထဲနေပြီး အပြန်အလှန် မက်ဆေ့တွေ ပို့ပြီး ကျွန်တော်တို့ ပျော်နေခဲ့ကြတယ်။

အပျော်တွေရဲ့ နောက်မှာ အဆိုးတွေ ကပ်လိုက်လာတတ်မှန်း ကျွန်တော်မသိခဲ့ဘူး။ တစ်ညနေက သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ မတွေ့တာကြာပြီးဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော်တို့ ဖဲအတူ ရိုက်ခဲ့ကြတယ်။ အရှိန်ကောင်းနေတုန်းမှာ ရုတ်တရက် ကျွန်တော်ဖုန်းက ထမြည်တယ်။

" မောင် အခုဘယ်မှာလဲ? မပြန်ခဲ့သေးဘူးလား?"
"သူငယ်ချင်းအိမ်မှာ ဖဲရိုက်နေကြတယ်"
"ဘယ်တော့ ပြန်လာမလဲ?"
"ခဏလောက်ဆို ပြန်ခဲ့မယ်"

ဖဲက နိုင်လိုက် ရှုံးလိုက်၊ ရှုံးလိုက် နိုင်လိုက် .... သူ့ရဲ့ဖုန်းလည်း ဆက်လိုက် ချလိုက်၊ ချလိုက် ဆက်လိုက်.... အပြင်မှာ မိုးတွေရွာစပြုလာပြီ။ ဖုန်းက ထပ်မြည်လာပြန်တယ်။

"မောင်... ဘာလုပ်နေတာလဲ? ပြန်ခဲ့တော့လေ မိုးတွေရွာနေပြီ.. မြန်မြန်ပြန်ခဲ့တော့"
"သူငယ်ချင်း အိမ်မှာ ဖဲရိုက်နေပါတယ်လို့ဆို.. မိုးတွေ ဒီလောက်ရွာနေတာ ဘယ်လိုပြန်ခဲ့ရမလဲ?"
"ဒါဆို မောင် ဘယ်မှာလဲ? ခုလာကြိုမယ်"
"မလာခဲ့နဲ့.. ရတယ်"

အတူဖဲရိုက်တဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို မယားကြောက်လို့ နောက်ပြောင်ကြတယ်။ စိတ်တိုတိုနဲ့ ဖုန်းကို ကျွန်တော် ပိတ်ပစ်လိုက်တယ်။ အဲဒီညက ဖဲရိုက်ရင်း ကျွန်တော်တို့ မိုးလင်းသွားခဲ့တယ်။ သူငယ်ချင်းတစ်ယောက် ကျွန်တော်ကို ကားနဲ့လိုက်ပို့ခဲ့တယ်။ အိမ်ရောက်တော့ သော့တန်းလန်းက ဆီးကြိုနေတယ်။ သော့ဖွင့်ပြီး အိမ်ထဲမှာ သူ့ကို ကျွန်တော်လိုက်ရှာကြည့်တယ်။ သူ .. ဘယ်သွားပါလိမ့်?

အဲဒီအချိန်မှာ ရုတ်တရက် အိမ်ဖုန်းမြည်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ ငိုသံတွေရောနေတဲ့ ယောက္ခမအသံကို ကျွန်တော်ကြားလိုက်ရတယ်။

"မိုးသည်းထဲမှာ သားကို သွားကြိုမယ်ဆိုပြီး ဆိုင်ကယ်စီးထွက်သွားခဲ့တယ်။ သားသူငယ်ချင်းအိမ်တွေ တစ်အိမ်တက်ဆင်း လိုက်ရှာရင်း မတော်တဆ ယာဉ်တိုက်မှုဖြစ်ခဲ့တာ ခုထိ နိုးမလာသေးဘူး"

ပိတ်ထားမိတဲ့ ကျွန်တော်ဖုန်းကို ဖွင့်လိုက်တော့ မက်ဆေ့တစ်စောင် တွေ့လိုက်တယ်။

"မောင်... မေ့နေတာလား? ဒီနေ့ ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေ။ မောင့်ကို ခင်လာကြိုပြီနော်။ စောင့်နေပါ"

ကျွန်တော့်ကို လိုက်ရှာတဲ့ လမ်းမပေါ်မှာ သူထာဝရ ပျောက်သွားခဲ့ရတယ်။ မျက်ရည်တွေ ရွှဲနင့်နေတဲ့ မျက်လုံးနဲ့ အဲဒီမက်ဆေ့တိုလေးကို ကျွန်တော် အထပ်ထပ်ဖတ်နေမိတယ်။ အဲဒီညက ကမ္ဘာကြီး တစ်ခုလုံးကို ကျွန်တော်ဆုံးရှုံးလိုက်မှန်း နောက်ကျမှ ကျွန်တော် သိခဲ့ရတယ်။

သူဆုံးတာ ၃ လရှိပြီ။ ဒါပေမယ့် ခုချိန်ထိ မစားနိုင်၊ မသောက်နိုင်နဲ့ အိပ်မက်ဆိုးကနေ ကျွန်တော် မနိုးထနိုင်ခဲ့သေးဘူး။

ကိုယ့်ကိုချစ်တဲ့လူကို ဒဏ်ရာအနာတွေနဲ့ မနာကျင်ပါစေနဲ့။
ဆုံးရှုံးသွားမှ တမ်းတမနေပါနဲ့။ နာကျင် ခံစားမနေပါနဲ့။
ဘဝတစ်ခုက အကန့်အသတ်ရှိပါတယ်။
ကိုယ်နဲ့အတူ ရှိနေတဲ့ လက်ရှိအချိန်ကို တန်ဖိုးထား မြတ်နိုးလိုက်ပါ။



Reff : From Forwarding Mail

အရေးပါတဲ့ ဘ၀ရဲ့ အသေးအဖွဲ့လေးတွေ (၁) 2:23 PM

ညက ကျနော်အိမ်ပြန်ရောက်တော့ ကျနော့်ဇနီးက ညစာအတွက်ပြင်ဆင်နေခဲ့တယ်... ကျနော် သူ့လက်ကို ကိုင်ပြီး မင်းကို ပြောစရာရှိတယ်လို့ ပြောလိုက်တယ်... သူမ ထိုင်ပြီး ညစာကို တိတ်ဆိတ်စွာပဲ စားနေခဲ့တယ်... သူမမျက်ဝန်းထဲက နာကျင်မှုတွေ မြင်လေမလားလို့ ကျနော် ရှာနေမိနေတယ်...

ရုတ်တရက် ကျနော် ဘယ်လိုစပြောရမယ်ဆိုတာ မသိတော့ဘူးဖြစ်နေတယ်... ဒါပေမဲ့ ကျနော် ဘာကို စဉ်းစားနေတယ်ဆိုတာတော့ သူမကို အသိပေးကို ပေးရမယ်... "မင်းကို ကွာရှင်းချင်တယ်" ကျနော် တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်... ကျနော် စကားလုံးကြောင့် သူမစိတ်ဆိုးတဲ့ ပုံစံမပြပဲ ကျနော် ကို 'ဘာကြောင့်လဲ" လို့ အေးအေးဆေးဆေးပဲ သူမ ပြန်မေးတယ်... သူမမေးခွန်းကို ကျနော် မဖြေပဲ ရှောင်လွှဲနေလိုက်တယ်... အဲလိုလုပ်မှ သူမဒေါသထွက်လာတယ်... လက်ထဲကိုင်ထားတဲ့ ဇွန်း ခရင်းတွေ လွှတ်ပစ်ပြီး "ရှင် ယောက်ျားမဟုတ်ဘူး" လို့ ကျနော်ကို ပြန်အော်တယ်...
အဲဒီညက ကျနော်တို့ နှစ်ယောက် စကားမပြောဖြစ်ကျတော့ဘူး... သူမကတော့ ငိုကြွေးနေခဲ့တယ်... ကျနော်တို့ အိမ်ထောင်ရေးမှာ ဘာများဖြစ်ခဲ့လို့လဲလို့ သူမ အဖြေရှာနေတယ် ဆိုတာကို ကျနော်သိပါတယ်... သူမ ကျေနပ်လောက်တဲ့ အဖြေကျနော် ပေးဖို့ခက်ခဲနေတယ်... မိုး လို့ ခေါ်တဲ့ ချစ်စရာကောင်မလေး တစ်ယောက်အပေါ် ကျနော် နှလုံးသားတွေ တိမ်းညွတ်နေခဲ့ပြီးလေ... သူမကို ဘယ်လိုမှ ချစ်လို့ မရတော့ဘူး... အဲဒီအစား သူမကို သနားခြင်းတွေ သာရှိတော့တယ်...
ကျနော် ကိုယ့်အပြစ်ကိုသိနေတဲ့အတွက် ကျနော်တို့ရဲ့ အိမ်ရယ် ကျနော် လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းရယ် ကားရယ် ကို သူမ ပိုင်ဆိုင်မှုအဖြစ် ကွာရှင်းစာချုပ်ထဲ ထည့်ပေးခဲ့တယ်... သူမက အဲဒီစာချုပ်ကို တချက် ကြည့်ပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်တယ်... ကျနော်နဲ့ ဆယ်နှစ်လုံးလုံးအတူရှိနေခဲ့တဲ့ မိန်းမတယောက်ဟာ လုံးဝ သူစိမ်းတယောက်လိုပါပဲ... သူမရဲ့ ဆုံးရှုံးခဲ့တဲ့ အချိန်တွေ အင်အားတွေ ကျနော် စိတ်မကောင်းဖြစ်ပေမဲ့... ကျနော် နောက်မဆုတ်နိုင်တော့ပါဘူး... မိုးကို နင့်နင့်နဲနဲ ချစ်နေခဲ့ပြီးလေ...

နောက်ဆုံးတော့ ကျနော့်ရှေ့မှာ သူမ သည်းထန်စွာ ငိုကြွေးပါတော့တယ်.. ကျနော် မျှော်လင့်သလိုပါပဲ... ကျနော်အတွက်တော့ သူမရဲ့ငိုကြွေးမှုဟာ စိတ်သက်သာရာဖြစ်စေခဲ့ပါတယ်.. ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံး ရှိနေခဲ့တဲ့ ကွာရှင်းဖို့ စိတ်ကူးဟာ ပိုပြီး ခိုင်မာ ရှင်းလင်းလာခဲ့တယ်...

နောက်နေ့ ကျနော် အိမ်ကို တော်တော်နောက်ကျပြန်ရောက်တယ်... သူမကတော့ စားပွဲပေါ်မှာ တခုခု ရေးနေတာတွေ့တယ်... ညစာမစားတော့ပဲ အိပ်ရာထဲ ထိုးဝင်ပြီ ခဏမှာပဲ အိပ်မောကျသွားတော့တယ်... ဘာလို့လဲ ဆိုတော့ တညနေလုံး မိုးနဲ့ သွားလာပျော်ရွှင်ခဲ့တာ ပင်ပန်းနေတယ်လေ... ကျနော် တရေးနိုးတော့ သူမကတော့ စားပွဲပေါ်မှာ စာရေးနေတုန်းပါပဲ... သူမကို ဂရုစိုက်မနေတော့ဘဲ တဖက်လှည့်ပြီး ပြန်အိပ်လိုက်တော့တယ်...

မနက်လင်းတော့ သူမက သူမဖက်က ကွာရှင်းခွင့်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ပြောလာတယ်... ကျနော်ဆီက ပိုင်ဆိုင်မှုတွေ ဘာတခုမှ မလိုဘူးတဲ့... ဒါပေမဲ့ တစ်လကြိုတင် အကြောင်းကြားပြီး မှ ကွာရှင်းရမယ်လို့ ဆိုတယ်... အဲဒီတလမှာ ကျနော်တို့ အတူတူ တတ်နိုင်သလောက် သာမန်လိုပဲ နေထိုင်ကြရမယ်လို့ ဆိုပါတယ်... သူမရဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်... ကျနော်တို့ နှစ်ယောက်ရဲ့ ရင်သွေး .. သား ရဲ့ စာမေးပွဲ ဟာ တလလောက်ပဲ လိုတဲ့အတွက်ပါတဲ့... သားကို စာမေးပွဲမတိုင်ခင် ကျနော်တို့ နှစ်ယောက်ရဲ့အိမ်ထောင်ရေး ပြိုကွဲမှုကြောင့် စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူးတဲ့....

ဒါကတော့ ကျနော် အတွက် လက်မခံနိုင်စရာ မရှိပါဘူး... ဒါပေမဲ့ သူမမှာ နောက်ထပ်တောင်းဆိုမှုတခု ထပ်ရှိပါသေးတယ်.. ကျနော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဦးက ကျနော် သူမကို အိပ်ခန်းထဲ ပွေ့ချီပြီး ခေါ်ထုတ်ခဲ့ ခေါ်သွင်းခဲ့တာကို ပြန်ပြောပြီး... ဒီကွာရှင်းဖို့ စောင့်နေတဲ့ တစ်လအချိန်အတွင်းမှာ မနက်ခင်းတိုင်း သူမကို ကျနော်တို့ရဲ့ အိပ်ခန်းထဲကနေ အိမ်ရှေ့တံခါးထိ ပွေ့ချီပြီး ခေါ်သွားဖို့ တောင်းဆိုတယ်... သူမတကယ်ကို ရူးသွပ်နေပြီး လို့ ကျနော်တွေးလိုက်မိပါတယ်...

ဘာပဲဖြစ်ဖြစ်.. ကျနော်တို့ နှစ်ယောက်ရဲ့နောက်ဆုံးနေ့ရက်တွေ ကို ခံနိုင်ရည်ရှိရအောင် သူမရဲ့ ရူးကြောင်ကြောင်တောင်းဆိုမှုကို ကျနော်လက်ခံလိုက်ပါတယ်...

ကျနော် ကျနော့်မိန်းမရဲ့ ကွာရှင်းခွင့်တောင်းဆိုချက်တွေကို မိုး ကို ပြောပြတော့... ရယ်မောပြီး တကယ်ကို ဟာသပဲလို့ ပြောပါသေးတယ်... သူမဘယ်လို နည်းလမ်းတွေ သုံးသုံး.. သူမကတော့ ကွာရှင်းမှုကို ရင်ဆိုင်ရမှာပဲ လို့ နှာခေါင်းလေးရှုံ့ပြီး ပြောသေးတယ်.. ကျနော် သူမကို ကွာရှင်းမယ်လို့ ထုတ်ပြောခဲ့တဲ့နေ့ စပြီး ကျနော် နဲ့ သူမ မထိမတွေ့ဖြစ်ကျတော့ဘူး... အဲဒါကြောင့် ပထမဆုံးနေ့ သူမကို အခန်းထဲက ပွေ့ချီ ပြီး ခေါ်ထုတ်ခဲ့တဲ့အခါ ကျနော်တို့ နှစ်ယောက် ကချော်ကချွတ် ဖြစ်နေပါတယ်.. သားလေးက ကျနော်တို့ အနောက်က လက်ခုပ်တီးပြီး "ဖေဖေ မေမေ့ကို ဖက်ထားတယ်" လို့ ပြောရင်း ကျနော်တို့ အနောက်က လက်ခုပ်တီးနေပါတယ်... သားလေးရဲ့စကားလုံးတွေက ကျနော့်စိတ်ကို နာကျင်စေပါတယ်.. အိပ်ခန်းထဲကနေ.. ဧည့်ခန်းထဲ..နောက် အိမ်ရှေ့တံခါးထိ သူမကို ကျနော် လက်တွေနဲ့ ပွေ့ပြီး လျှောက်လာပါတယ်.. သူမက မျက်လုံးတွေ မှိတ်ထားကာ ကျနော်ကို ကွာရှင်းမဲ့အကြောင်း သားလေးကို အသိမပေးဖို့ တိုးတိုးလေး ပြောပါတယ်.. ကျနော် စိတ်အနှောက်အယှက်ဖြစ်ဖြစ်နဲ့ပဲ ခေါင်းညိတ်လိုက်တယ်...

သူမကို အိမ်ရှေ့တံခါးဝမှ ချပေးလိုက်တယ်... သူမလည်း အလုပ်သွားဖို့ ကားဂိတ်ကို ထွက်သွားတယ်.. ကျနော်လည်း ရုံးကို သွားပါတယ်...

ဒုတိယနေ့ကျတော့ ကျနော်တို့နှစ်ယောက်အဖို့ ပိုပြီး လွယ်ကူလာပါတယ်... ကျနော်ရင်ဘတ်ကို သူမက မှီထားပါတယ်.. သူမရဲ့ အင်္ကျီက ရနံ့တောင် ကျနော် ရနေမိပါတယ်.. ကျနော် ဒီအမျိုးသမီးကို သေသေချာချာ မကြည့်ခဲ့မိတာ တော်တော်ကြာပြီးလို့ သတိထားမိလိုက်ပါတယ်... သူမဟာ ငယ်ငယ်ရွယ်ရွယ်မဟုတ်တော့ဘူး ဆိုတာ သတိထားမိတယ်.. သူမမျက်နှာပေါ်မှာလဲ အရေးအကြောင်းလေးတွေတွေ့ရတယ်.. ဆံပင်တချို့လည်း ဖြူစပြုနေပါတယ်... ကျနော်တို့ အိမ်ထောင်ရေးက သူမဆီက အားလုံးရယူသွားခဲ့ပြီးလေ... အဲဒီတခဏမှာ ကျနော် သူမအပေါ် ဘာတွေ လုပ်ခဲ့မိပါလိမ့်လို့ တွေးနေမိပါတယ်....

နောက်တနေ့ကျပြန်တော့... ကျနော် သူမကို ပွေ့ချီလိုက်တဲ့အခါ ရင်နှီးကျွမ်းဝင်တဲ့ခံစားချက်တခု ပြန်ရလိုက်သလို ကျနော် ခံစားလိုက်ရပါတယ်.. ဒီအမျိုးသမီးဟာ ဆယ်နှစ်လုံးလုံး သူမရဲ့ဘ၀ ကို ကျနော်ကို ပေးခဲ့တယ်... နောက်ထပ် တနေ့ပြီး တနေ့ ကျနော်တို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ ပိုလာခဲ့တယ်.. မိုး ကိုတော့ ဒီအကြောင်းတွေ မပြောပြဖြစ်ခဲ့ဘူး... တလဆိုတဲ့ အချိန် ကုန်ဆုံးလာတာနဲ့ အမျှ သူမကို ပွေ့ချီ ရတာဟာ ပိုလို့ လွယ်ကူလာခဲ့တယ်... နေ့တိုင်း အလေးမသလို ဖြစ်နေတော့ ကျနော် ပို ပြီး အားတောင့်လာတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်...

တမနက်တော့ သူမဟာ ဘာဝတ်ရင်ကောင်းမလဲ ဆိုတာ ရွေးနေပါတယ်... တော်တော်များများ ရွေးဝတ်ကြည့်ပြီးတဲ့အထိ စိတ်တိုင်းကျ ရှာမရဘူးဖြစ်နေတယ်... ကျမအင်္ကျီတွေ အားလုံး ကြီးကုန်ပြီ လို့ သက်ပြင်းလေး ချပြီး ဆိုပါတယ်.. ရုတ်တရက် ကျနော် သတိထားမိသွားတယ်.. သူမ တော်တော်လေး ပိန်သွားတာပဲ... ဒါကြောင့် ကျနော် သူမကို လွယ်လွယ်ကူကူ ပွေ့ချီနိုင်တာပေါ့... ကျနော် စိတ်ထိခိုက်သွားတယ်... သူမဟာ နာကျင်မှု ခံစားချက်တွေ ကို သူမနှလုံးသားထဲ မြုပ်နှံထားတာပဲလို့ တွေးမိတယ်...

သတိလက်လွတ်နဲ့ ကျနော် သူမခေါင်းလေးကို သပ်လိုက်ပါတယ်.. အဲဒီအချိန် သား ရောက်လာပြီး... ဖေဖေ.. မေမေ့ကို ချီဖို့ အချိန်ရောက်ပြီး လို့ လှမ်းပြောတယ်... သားလေးအတွက်တော့ သူ့အဖေက သူ့အမေကို ပွေ့ချီသွားတာဟာ သူ့ဘ၀ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေပါပြီး... ကျနော့်ဇနီးက သားကို လက်ယပ်ခေါ်လိုက်ပြီး ခပ်ကျပ်ကျပ်ဖက်ထားလိုက်တယ်.. နောက်ဆုံးအချိန်လေးမှာ ကျနော်စိတ်တွေ ပြောင်းလဲသွားမှာ ကြောက်လို့ ကျနော် တဖက်ကို မျက်နှာလွှဲလိုက်ပါတယ်.. ပြီးတဲ့အခါ.. ကျနော် သူမကို လက်ထဲပွေ့ပြီး အိပ်ခန်းထဲကနေ ဧည့်ခန်းကို ကျော်ကာ အိမ်ရှေ့ထိ ခေါ်ခဲ့တယ်... သူမက ကျနော့်လည်ပင်းကို အသာအယာ သိုင်းထားတယ်... ကျနော်က သူမရဲ့ကိုယ်လေး ကို ခပ်ကျပ်ကျပ် ဖက်ထားတယ်... ကျနော်တို့ မင်္ဂလာဦးတုန်းက လို ပေါ့...

ဒါပေမဲ့... သူမရဲ့ကိုယ်လုံးပေါ့ပေါ့လေးက ကျနော်ကို စိတ်မကောင်းဖြစ်စေခဲ့တယ်... နောက်ဆုံးနေ့မှာတော့ သူမကို ကျနော့်လက်တွေနဲ့ ပွေ့ထားပေမဲ့.. ခြေတလှမ်းရွေ့ဖို့ ခက်ခဲနေခဲ့တယ်.. သားလေးလည်း ကျောင်းသွားပြီး... သူမကို ခပ်ကျပ်ကျပ် ပွေ့ထားပြီး တို့နှစ်ယောက်ကြားမှာ ရင်နှီးကျွမ်းဝင်မှုတွေ ပျောက်ဆုံးနေတာ ကို သတိမထားမိဘူးလို့ ကျနော် ပြောလိုက်တယ်...

ကျနော် ရုံးကို ကားမောင်းသွားတယ်.. တံခါးတောင်ပြန်မပိတ်ပဲ ကားပေါ်က ဆင်းလိုက်တယ်... နည်းနည်းလေး နှောင့်နှေးသွားရင် စိတ်တွေ ပြောင်းလဲသွားမှာကို ကျနော် ကြောက်နေမိတယ်.. ကျနော် ရုံးပေါ်ကို တက်သွားတယ်.. မိုး က တံခါးလာဖွင့်ပေးတယ်... မိုး... ကျနော် စိတ်မကောင်းပါဘူး... ကျနော် မကွာရှင်းချင်တော့ဘူး လို့ ပြောလိုက်ပါတယ်...

သူမက အံသြစွာနဲ့ ကျနော်ကို ကြည့်တယ်.. ကျနော် နဖူးကို စမ်းကြည့်ပြီး ရှင်နေကောင်းရဲ့လား မေးတယ်... ကျနော် သူ့လက်ကို ဖယ်လိုက်ပြီး... စိတ်မကောင်းပါဘူး မိုး... ကျနော် မကွာရှင်းတော့ဘူး... ကျနော်တို့ အိမ်ထောင်ရေးဟာ ပျင်းဖို့ကောင်းလိမ့်မယ်.. ဘာလို့လဲဆိုတော့ ကျနော်နဲ့ သူ ... ဘ၀ရဲ့အသေးစိတ်လေးတွေကို တန်ဖိုးမထားမိခဲ့လို့ပဲ... တစ်ယောက်နဲ့တစ်ယောက် မချစ်နိုင်ကျတော့လို့ မဟုတ်ဘူး... ခု ကျနော် သိလိုက်ပြီး... မင်္ဂလာဦးတုန်းက သူမကို ပွေ့ချီပြီး အိမ်ခေါ်လာတဲ့အချိန်ကစလို့.. သေခြင်းတရားက ကျနော်တို့ နှစ်ယောက်ကို မခွဲခင် အချိန်ထိ ကျနော် သူမကို ထွေးပွေ့သွားရမယ်...

မိုး ရုတ်တရက်အိပ်ရာလန့်နိုးသလို ဖြစ်သွားတယ်.. ကျနော့် ပါးကို ခပ်ပြင်းပြင်းရိုက်ပြီး တံခါးဆောင့်ဖွင့်ကာ ငိုကြွေးနေပါတယ်.. ကျနော် ရုံးအောက်ဆင်းလာပြီး ကားမောင်းထွက်လာခဲ့တယ်.. လမ်းမှာတွေ့တဲ့ ပန်းအရောင်းဆိုင်မှာ ကျနော် ဇနီးအတွက် ပန်းတစည်း ၀င်မှာတယ်... အရောင်းစာရေးမလေးက ကတ်ပေါ်မှာ စာရေးခိုင်းတော့.. ကျနော် ပြုံးပြီး ရေးလိုက်ပါတယ်...

"I'll carry you out every morning until death do us apart"

ကျနော်တို့ ဘ၀တွေရဲ့ အသေးအဖွဲလေးတွေက ဆက်ဆံရေး တခု မှာ အရေးကြီးပါတယ်... အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘဏ်စာရင်းတွေ မဟုတ်ပါဘူး... အဲဒါတွေက ပျော်ရွှင်စေတဲ့ ပတ်ဝန်ကျင်းတခု ဖန်တီးနိုင်ပေမဲ့ ပျော်ရွှင်မူကို တော့ မဖန်တီးပေးနိုင်ပါဘူး... ဒါကြောင့် သင့်လက်တွဲဖော်ရဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် အချိန်ပေးပါ... ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ပေးမဲ့ အသေးအဖွဲလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လုပ်ပေးပါ... တကယ်ပျော်ရွှင်တဲ့ ဘ၀လေးတခု ဖြစ်မှာပါ....


Reff : From Forwarding Mail